Grey Daze – Amends Album

၉၃ ခုနှစ်လောက်မှာ Chesterနဲ့ သူငယ်ချင်း Sean Dowell တို့ပါဝင်ခဲ့တဲ့ Grey Daze Band က အယ်လ်ဘမ်အသစ် Amends ကို ဇွန် ၂၆ မှာ ထွက်လာတော့မှာပါ။ Chester က Grey Daze နဲ့ အယ်လ်ဘမ်သုံးခု record လုပ်ခဲ့ပြီး ၉၈ မှာ Band က လစ်လာခဲ့ပါတယ်။

Grey Daze ရဲ့ Youtube Channel (https://www.youtube.com/channel/UCdYrTQhR-sRriEcnTxQJYuA) မှာ အပိုင်း၈ ပိုင်းပါ Making Amends:Revival ဆိုတဲ့ documentary ရှိပြီး ဒီထဲမှာတော့ Amends အယ်လ်ဘမ်ဖြစ်ပေါ်လာဖို့ Run ခဲ့တာတွေ နဲ့ Linkin Park ရဲ့ ကျွန်တော်တို့သိတဲ့Chester မဟုတ်တဲ့ Chester ကိုတွေ့ရမှာပါ။

Amends အယ်လ်ဘမ်အတွက် Single သီချင်း လေးပုဒ် ထွက်ထားပြီး အဲ့ထဲက တစ်ပုဒ်ဖြစ်တဲ့ Soul Song ရဲ့ Music Video ကို Chester ရဲ့သား Jamie Bennington ကရိုက်ကူးထားတာပါ ။

Phoenix အခြေစိုက် Post-Grunge Band Grey Daze ရဲ့ Amends အယ်လ်ဘမ်မှာ သီချင်းက ၁၁ ပုဒ်ပါဝင်ပြီး Chester Bennington နောက်ဆုံးပါဝင်ပတ်သက်တဲ့ အယ်လ်ဘမ်တစ်ခုဖြစ်နိုင်ပါတယ်။

Grey Daze ရဲ့ Amends အယ်လ်ဘမ် ရဲ့ EXCLUSIVE EDITION LP + DIGITAL ALBUM ကို $60.00 နဲ့ DELUXE LP/CD + T-SHIRT ကို $80.00 ဖြင့် Grey Daze ရဲ့ official store မှာ pre order တင်လို့ ရနေပါပြီ။

#greydaze #amends #chesterbennington #acab

Design a site like this with WordPress.com
Get started